ဒိုက်ဦး ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုင်းဦးမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ သုံးခွကျေးရွာဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ဒိုက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများလိုက်ပါ၍ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက မြေပဲစိုက်တောင်သူများအား တစ်ဧကလျှင် ၂ သိန်းနှုန်းဖြင့် သွင်းအားစုမြေဩဇာများထုတ်ပေးမည်ဖြစ်ကြောင်း၊ ဒိုက်ဦးမြို့နယ်အတွင်း မြေပဲဧက ၅ ကျော်စိုက်ပျိုးပြီး တစ်ခရိုင်လုံးမြေပဲဧက ၉၀၀၀ ကျော်စိုက်ပျိုးကြောင်း၊ ဒိုက်ဦးမြို့နယ်အနေဖြင့် ဧက ၅၀၀၀ ကျော်မှ ၇၀၀၀ အတွင်းစိုက်ပျိုးစေလိုကြောင်းပြောကြားပြီး တောင်သူများ၏ သိလိုသည်များ ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်း ပြောကြားခဲ့သည်။
ထို့နောက်ခရိုင်အုပ်ချုပ်ရေးမှူးသည် သုံးခွ-မင်္ဂလွန်း၊ သုံးခွ_ကမာကလစ်၊ သုံးခွ_ဒါးပိန်စုကျေးလက် လမ်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ ဆက်)