သံတောင်ကြီး ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ သစ်၊ ဝါးများသဘာဝအတိုင်း ပေါက်ရောက် ရှင်သန်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာမျှစ်များ ဝယ်လိုအားကောင်းသော်လည်း ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် မျှစ်များမှာဉယျာဉ်ခြံများနှင့် တောတောင်များတွင် သဘာဝအပေါက်ရောက်ပြီး မျှစ်ပေါ်ချိန် ဇူလိုင်လတွင် ဒေသခံပြည်သူများက လိုက်လံချိုးယူရောင်ချကာ သံတောင်ကြီးမြို့ရှိ မျှစ်အဝယ်ဒိုင်များ ထံတွင်ရောင်းချကြရာ မျှစ်ပေါ်ခါစတွင် တစ်ပိဿာကို ကျပ်(၇၀၀)အထိရရှိသော်လည်း ယခုအချိန်မျှစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာကျပ်(၄၀၀)သာ ရရှိကြကြောင်းသိရသည်။ မျှစ်ပေါ်ချိန်တွင် လူတစ်ဦးသည် တစ်ရက်လျှင် မျှစ်ပိဿာ (၂၀)အထိ ချိုးယူရရှိသည့်အတွက် တစ်ရက်လျှင် ငွေကျပ်(၆၀၀၀)အထိရရှိခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ အဆေပြေလျက်ရှိကြောင်း မျှစ်လိုက်လံချိုးယူရောင်းချသူ ဦးစောအောင်ထူးထံက သိရသည်။
အဆိုပါ သံတောင်ကြီးမြို့ရှိ မျှစ်အရောင်းအဝယ်လုပ်ကိုင်သူများက တောင်ငူမြို့ မျှစ်ရောင်းဝယ်လုပ် ကိုင်သူများထံ ပြန်လည်ရောင်းချခဲ့ပြီး တောင်ငူမြို့ရှိ မျှစ်ရောင်းဝယ်လုပ်ကိုင်သူများက မြန်မာနိုင်ငံအနှံ့သို့ ပြန်လည်တင်ပို့ရောင်းချကြကြောင်း သိရသည်။
နော်နော်မူ