လက်ပံတန်းမြို့နယ်၌ စျေးကွက်အတွင်းရောက်ရှိနေသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ ဆေးဆိုင်များအားစစ်ဆေး

လက်ပံတန်း ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တားမြစ်ထားသည့် တရားမဝင်ဆေးဝါးများ ထားရှိရောင်းချခြင်း ရှိ/ မရှိ စစ်ဆေးခြင်းအား ယနေ့နံနက်ပိုင်းက ယနေ့နံနက်က ဆောင်ရွက်ခဲ့သည်။

အင်္ဂလန်နိုင်ငံ Astra Zeneca Company မှထုတ်လုပ်သည့် Creator 10 mg အမျိုးအစား ဈေးကွက်အတွင်း တရားမဝင်ရောင်းချနေမှုနှင့် စပ်လျဉ်း၍  Creator  10 mg Tablet အတု/အစစ်နှင့် တရားမဝင်ဆေးဝါးများအား သတ်မှတ်ပမာဏထက်ကျော်လွန်၍ လက်ဝယ်ထားရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးဆိုင်များသို့သွားရောက်ပြီး ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ မပြုလုပ်ရန် အသိပညာပေး ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခုကဲသို့စစ်ဆးခြင်းများကို မြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များသို့ အခါအား‌လျော်စွာစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)