ပန်းတောင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိဆေးဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ တရားမဝင်ဆေးများရောင်းချမှုရှိ/မရှိ၊ လိုင်စင်စည်းကမ်းနှင့်အညီရောင်းချမှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းကစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပန်းတောင်းမြို့ရှိ ဆေးဆိုင်(၃)ဆိုင်နှင့်ဥသျှစ်ပင်မြို့ရှိ ဆေးဆိုင်(၄)ဆိုင်စုစုပေါင်းဆေးဆိုင်(၇)ဆိုင်သို့ ဆေးရောင်းချခွင့်လိုင်စင်သက်တမ်းတိုးထားရှိမှုရှိ/မရှိ၊ ငှက်ဖျားရောဂါပျောက်ဆေးရောင်းချမှုရှိ/မရှိ၊ မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့်သတ်မှတ်စျေးနှုန်းအတိုင်းရောင်းချမှု ရှိ/မရှိ၊ တရားမဝင်ဆေးဝါးများရောင်းချမှု ရှိ/မရှိ၊ လိုင်စင်စည်းကမ်းနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ တရာမဝင်ဆေးဝါးများနှင့်သတ်မှတ်အရည်အသွေးမပြည့်မီသော ဆေးဝါးများရောင်းချထားရှိမှုမရှိကြောင်းနှင့် သက်တမ်းတိုးထားရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)