ပိုင်ကျုံမြို့၌ ဝဥစိုက်တောင်သူများ ဝဥပေါ်ချိန်တွင် စျေးကောင်းရရန်မျှော်လင့်

ပိုင်ကျုံ ဇူလိုင် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသတွင်းစိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင် တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်း စိုက်ပျိုးလျှက်ရှိ‌ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ဝဥပင်များကို သဘာဝပေါက်သည့်
 အပင်မျိုးဖြစ်ပြီး ယခုအခါ သဘာဝဝဥပင်များ ရှားပါးလာသည့်အတွက်  မိသားစုအပိုဝင်ငွေရရှိနိုင်ရန်  အိမ်ခြံမြေဝင်းအတွင်း၌ သော်လည်းကောင်း၊  ဥယျာဉ်ခြံမြေများ၌ သီးညှပ်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ သီးသန့်စိုက်ပျိုးမြေများ၌သော်လည်းကောင်း  မိသားစုအပိုဝင်ငွေရရှိနိုင်ရန်အတွက် ပြန်လည်စိုက် ပျိုးကြရသည်။ စိုက်ပျိုးချိန်ကာလ (၁) နှစ်မှ (၃) နှစ်အထိ စိုက်ပျိုးရပြီး နှစ်ကာလကြာရှည်လေ ဝဥအထွက်နှုန်း ကောင်းမွန်လေဖြစ်သဖြင့် မြေဆီမြေသြဇာ ကောင်းမွန်
သည့် မည်သည့်နေရာ ဒေသတွင်မဆို စိုက်ပျိုးနိုင်သည်။ ဝဥစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးမြေ တစ်ဧကလျှင် အပင်ရေပေါင်း ၂ သောင်းအထိ စိုက်ပျိုးကြောင်း။ စိုက်ပျိုးနည်းစနစ်အားဖြင့် ၂ ပေ ၁ ပေအကွာအဝေးစနစ်ဖြင့် အပင်အားအတန်းလိုက် စိုက်ပျိုးနိုင်ပြီး ထွက်ရှိနှုန်းမှာလည်း အပင်တစ်ပင်လျှင် ဥအမျိုးအစား တစ်လုံးရရှိကြောင်း ယခင်နှစ်တွင် ဝဥ ဝယ်လိုအား ကျဆင်းသလို စျေးနှုန်းလည်း ကျဆင်းလျက်ရှိကြောင်း ယခုနှစ်၀ဥပေါ်ချိန်တွင် တစ်ပိဿလျှင် ငွေကျပ် (၁၀၀၀မှ၁၅၀၀) အထိ ရရှိနိုင်ရန်‌ မျှော်လင့်ကြောင်း ဝဥစိုက်တောင်သူများထံမှ သိရှိရသည်။

ပိုင်ကျုံမြို့ရှိ ၀ဥစိုက်တောင်သူများအနေဖြင့် ကုန်စျေးနှုန်းမြှင့်လာသည့်အချိန်မှာ မိမိစိုက်ပျိုး ထွက်ရှိသည့်ဝဥများ စျေးကောင်းရရှိပါက မိသားစုစားဝတ်နေရေးအတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်ကြောင်း သိရသည်

နော်ခူး