တောင်ငူမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံးမှုအတွက် ထောက်ပံ့ငွေပေးအပ်

တောင်ငူ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံရာဇာကျေးရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သစ်ပင်ပိ၍ လူနှစ်ဦးသေဆုံးခဲ့ပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့​၊ နေ့လယ် (၁)နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပြိုလဲပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၄၀,၀၀ဝိ/-)ကျပ်၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၇)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၄၇၀ဝိ/-)ကျပ်၊ သေဆုံးသူ(၂)ဦးအတွက် (၆၀၀၀၀ဝိ/-)၊ ဒဏ်ရာရရှိသူ (၂)ဦးအတွက် (၁၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၈၅၄၇၀ဝိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး  တန်ဖိုးငွေကျပ် (၄၀၄၇ဝိ/-)ကျပ်တို့ကို လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)