ရွှေတောင် ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်အတွင်းရှိ လူသုံးကုန်ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသို့ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးခင်ဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးမာန်အောင်ဝင့်၊(ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်) ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ဖြင့် လူသုံးကုန်ဆေးဝါးရောင်းချသည့်ဆေးဆိုင် (၆) ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာ ဆေးဆိုင်များအနေဖြင့် ထူးခြားစွာ ဆေးရောင်းချခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်းသာ ရောင်းချလျက်ရှိပြီး ထူးခြားစွာ ဆေးလာရောက်ဝယ်ယူခြင်းမျိုးရှိပါက အချိန်နှင့်တပြေးညီ သတင်း ပေးပို့တင်ပြဆောင်ရွက်သွားရန် ညွှန်ကြားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)