ကြံခင်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိရင်သွေးရတနာများ အခြေခံဗုဒ္ဓဘာသာကိုသိရှိစေရန် ဖွင့်လှစ်သင်ကြားနေသော ဓမ္မစကူးလ်သင်တန်းကျောင်းများသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့က အလှူငွေနှင့်အဝတ်အထည်များ သွားရောက်လှူဒါန်းခဲ့ကြသည်။
ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ မြတ်ရတနာစာချဓမ္မစကူးလ်နှင့် ပါရမီဓမ္မစကူးလ်သင်တန်းကျောင်းတို့တွင် တက်ရောက်သင်ကြားကြသော ကျောင်းသား/သူများအတွက် လိုအပ်သည့်များအသုံးပြုနိုင်ရန် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့်အဖွဲ့ဝင်များက ဓမ္မစကူးလ်ကျောင်းတစ်ကျောင်းလျှင် (၅၀၀၀ဝိ/) ကျပ်နှင့် ကျောင်းသား/သူများကိုစေတနာရှင်အလှူရှင်မှ လှူဒါန်းသော စပို့ရှပ်အင်္ကျီများ လှူဒါန်းပေးခဲ့ကြသည်။
ထိုသို့လှူဒါန်းခြင်းနှင့် ဓမ္မစကူးလ်သင်ကြားနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များက ကြည့်ရှူအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)