မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာ ခြင်းနှင့်အင်ဖက်၊ ငှက်ပျောဖက်များ အခမဲ့ဖြန့်ဝေပေးခြင်းဆောင်ရွက်

အထက်မင်းလှ  ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေးခြင်းနှင့် အင်ဖက်၊ ငှက်‌ပျောဖက်များ အခမဲ့ဖြန့်ဝေပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီကမင်းလှမြို့ ဇေယျာသီရိစျေးတွင် ဈေးရောင်းစျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။

 ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ  ဆွေးမြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအားညစ်ညမ်း‌စေခြင်း၊ အပင်များနှင့် သက်ရှိ သတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ် အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်စသည့်ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိ ပညာပေး လက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးခြင်း၊ အင်ဖက်၊ ငှက်‌ပျောဖက်များအခမဲ့ဖြန့်‌ ဝေပေးဆောင်ရွက်ခြင်းကို၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)