မြောင် အောက်တိုဘာ ၁၃
စစ်ကိုင်းခရိုင်၊ မြောင်မြို့မှမိဘနှစ်ဦးဖြစ်သည့် ဦးလတ်+ဒေါ်ကြည်ခင်အား ရည်စူး၍ မုံရွာမြို့ ကိုမျိုးမင်းသန့်+ မချောခိုင် (ရွှေစင်ရတနာ) လုပ်ငန်း မိသားစုမှ မြောင်မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရေးအတွက် အလှူငွေများနှင့် အသုံးဆောင် ပစ္စည်းများအား ယမန်နေ့ နံက် (၁၀) နာရီက ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ လှူဒါန်းရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ သို့ ငွေကျပ်ဆယ်သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး၊ အောက်စီဂျင်အသက်ရူစက်နှင့် PPE ဝတ်စုံများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းမှုအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က ဂုဏ်ပြု မှတ်တမ်း လွှာကို အလှူရှင်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ကိုကို(မြောင်)