အထူးရဲနှင့် နည်းပြများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်

မြင်းမူ အောက်တိုဘာ ၁၃

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့်    ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကာလမဲရုံ အသီးသီးတွင် လုံခြုံရေး တာဝန် ထမ်းဆောင်ကြ မည့်  အထူးရဲသင်တန်းသားများနှင့် သင်တန်းနည်းပြများထံမှ Swab များရယူကာTest Kit ဖြင့် စစ်ဆေးခြင်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့ဆေးရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ   ကိုဗစ်-၁၉ ရောဂါပိုး  စစ်ဆေးခြင်းလုပ်ငန်းကို    မြင်းမူမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ ကေသီခိုင်   ဦးဆောင်သော  ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများက    အထူးရဲသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား (၆၆) ယောက်နှင့် သင်တန်းအုပ်ချုပ်သူ နည်းပြ (၈) ဦးတို့ထံမှ Swab များရယူကာ Task Kit    ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရသည်။

အထူးရဲသင်တန်းကို အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၂၈) ရက်နေ့ထိ သင်ကြားပို့ ချပေး မည်ဖြစ်ပြီး၊  မြင်းမူမြို့နယ်အတွင်းရှိ  မဲဆန္ဒနယ်မြေ (၂) ခုမှ  မဲရုံ(၆၆)ရုံတွင် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင် ဘာလ (၈) ရက်နေ့တွင် လုံခြုံရေးတာဝန်များ အပြည့်အဝ ထမ်းဆောင်သွားမည် ဖြစ်ကြောင်းသိရှိရသည်

မြင်းမူမြို့နယ်အတွင်း ယခုနောက်ဆုံး ထုတ်ပြန်ထားသည့် စာရင်းအရ မဲပေးနိုင်သူဦးရေမှာ (၉၄,၁၆၆) ဦး ရှိကြောင်း   မြို့နယ်‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး    ဦးစီးအရာရှိ ဦးအောင်ခိုင်ဇော်ထံမှ     သိရှိရသည်။

့်လှစ်လျှက်ရှိ

အောင်စိုးဖေ (မြင်းမူ)