ဖြူး အောက်တိုဘာ ၁၃
၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဖြူးမြို့နယ်အတွင်း မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်း ဆောင်ကြမည့် အထူးရဲ(၂၁၄) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ယမန်နေ့ နေ့လယ်(၂)နာရီမှ ညနေ(၈)နာရီအထိ အ.ထ.က(၂)အထူးရဲ သင်တန်းကျောင်း၌ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခြင်း မရှိ (မရှိ)ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နယ်မြေရဲစခန်းမှူးများ၊ သင်တန်းနည်းပြများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာဖြိုးဝေဝင်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ရွေးကောက်ပွဲ ဆိုင်ရာ အထူးရဲသင်တန်းတက်ရောက်နေသော သင်တန်းသား (၂၁၄)ဦး သင်တန်းကြီးကြပ်နှင့် နည်းပြ(၃၀)ဦး စုစုပေါင်း(၂၄၄)ဦးတို့အား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုသည် ရောဂါပိုးရှိ/မရှိကို နာရီဝက်အတွင်း အဖြေသိရှိရပြီး ၎င်းသင်တန်း၌ တက်ရောက်ကြသည့် သင်တန်းသားများ၊ သင်တန်းနည်းပြများနှင့် သင်တန်းကြီးကြပ်များ စုစုပေါင်း(၂၄၄)ဦးတို့တွင် ရောဂါပိုးမရှိကြောင်း (Negative) ဖြစ်ကြောင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မနွယ်(ဖြူး)