မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  (၇၈) ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပ

မုံရွာ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝါသနာတူသူများစုစည်း၍  Book Club ၊ Women Club ၊ Youth Club များဖွဲ့စည်းကာ လူထုအခြေပြုဗဟိုဌာန Community Centre လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ (၇၈) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ကိုယ်စား၊ အဖွဲ့ဝင် စာရေးဆရာ ရှဉ့်ညိုလေးက ယနေ့ ကျင်းပပြုလုပ်သည့် ချင်းတွင်း ဂုဏ်ရည်မဂ္ဂဇင်း အမှတ်(၁၇)နှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားပြီးနောက် စာရေးဆရာ မြတ်သုတ (မြန်မာစာ)၊ ဆရာမောင်နေညို(ပုလဲ)၊ ဆရာ ယဉ်မျိုးနုတင် တို့နှင့်အတူ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)အဖွဲ့အဝင်များ၊ စာပေဝါသနာ ရှင်များက ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်း အမှတ်(၁၇)တွင်ပါဝင်သော ကဗျာ၊ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်တို့အား အသီးသီးဆွေးနွေးခဲ့ကြသည်။

 မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့်  စာပေဝါသနာရှင်များက အစီအစဉ်အလိုက်ဆွေးနွေးခဲ့ကြပြီးနောက်  မုံရွာမြို့နယ် စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်၊ မြို့နယ်စာရေးဆရာ အသင်းဝင် စာရေးဆရာ မြတ်သုတ (မြန်မာစာ) က ဖြည့်စွက်ဆွေးနွေးပြီး အခမ်းအနားကို အောင်မြင်စွာပြီး မြောက်ခဲ့ကြကြောင်းသိရှိရပါသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မုံရွာခရိုင်ရုံးအနေဖြင့်နှစ်ပတ်လျှင် တစ်ကြိမ် စနေနေ့တိုင်း စာဖတ်ဝိုင်းအခမ်းအနားများကျင်းပပြုလုပ်လျက်ရှိပြီး  ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 ခရိုင် (ပြန်/ ဆက်)