ကလေးဝ ဇူလိုင် ၂၃
ကလေးဝမြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့နံနက် ၆နာရီအချိန်တိုင်းတာချက်အရ ၁၃၇၁စင်တီမီတာသို့ရောက်ရှိနေပြီး ဇူလိုင်လ တတိယပတ်အတွင်း လက်ရှိရေအမှတ်အထက် ၂ပေခန့် ပိုမိုရောက်ရှိလာနိုင်သဖြင့်မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းတွင်နေထိုင်ကြသောပြည်သူများ ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ ရ.စ.က ကော်မတီတို့ပူးပေါင်း၍ ချင်းတွင်းမြစ်ကမ်းဘေးနှင့် မြစ်သာမြစ်ကမ်းဘေးတလျောက်ရှိ ရပ်ကွက်နှင့်ကျေးရွာများအား ယမန်နေ့နံနက် ၈နာရီက စက်လှေဖြင့်လှည့်လည်သတိပေး ကြေငြာခဲ့ကြောင်းသိရှိရသည်။
ကလေးဝတွင်ချင်းတွင်းမြစ်၏စိုးရိမ်ရေအမှတ်သည် ၁၅၅၀စင်တီမိတာဖြစ်ပြီးလက်ရှိတွင် ၁၃၇၁စက်တီမီတာသို့ ရောက်ရှိနေကြောင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။
ကိုဇော် (ပြန်/ ဆက်)