ချောင်းသာ အောက်တိုဘာ ၁၃
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီက ချောင်းသာမြို့အတွင်းရှိ ပြည်သူများ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်ခြင်း ရှိ/မရှိ၊ အရောင်းအဝယ်များကိုလည်း ကျန်းမာရေး ညွှန်ကြားချက်များ နှင့်အညီ ရောင်းဝယ်ခြင်း ရှိ/မရှိကို မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့များက အဓိကကျသည့် နေရာများကို လိုက်လံစစ်ဆေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
Stay at Home ကာလအတွင်း ချောင်းသာမြို့၏ ရွှေသာယာမြို့မဈေးနှင့် လမ်းဆုံလမ်းခွ(၃)နေရာတွင် ရပ်ကွက်များမှ အဖွဲ့(၃)ဖွဲ့ခွဲ၍ စစ်ဆေးခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ချောင်းသာမြို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့များက မြို့တွင်းလှည့်လည်၍ စစ်ဆေး ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ ကိုဗစ်-၁၉ကပ်ရောဂါဘေးမှ ကင်းဝေးစေရန်အတွက် ကြပ်မတ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)