ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

ဒေးဒရဲ  အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင်များက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့သို့ ယမန်နေ့နံနက် ၈ နာရီမှစတင်၍ လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဒေးဒရဲမြို့ ပြည်တော်သာလမ်းနေ ပြည့်ဖြိုးအောင် (အုတ်၊ သဲ၊ ကျောက်) ရောင်းဝယ်ရေးနှင့် အိမ်သုံးပစ္စည်းများ အရောင်းဆိုင် မိသားစုမှ စေတနာ့ဝန်ထမ်းများအတွက် PPE ဝတ်စုံနှင့် တွဲဖက်ဝတ်ဆင်ရသည့် ခေါင်းစွပ် (၅) စုံ တန်ဖိုးငွေ (၄) သိန်းကျပ်၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များက အလှူငွေ (၁) သိန်း (၃) သောင်းကျပ်၊ ဦးစိုးနိုင် (ကုန်းတန်းလေး) ကျေးရွာက အလှူငွေ (၁) သိန်းကျပ်၊ ကိုသက်မျိုးဇော်၊ မမေရူပါ (ခေတ္တစင်ကာပူ) အလှူငွေ (၅) သောင်းကျပ်၊ ဦးမောင်မြင့် (မိသားစု) ဘုရားကြီးကွက်သစ်က အလှူငွေ (၅) သောင်းကျပ်၊ ကွယ်လွန်သူ (ဦးအုန်းညွန့်၊ ဒေါ်ဥ) အား ရည်စူး၍ ကျန်ရစ်သူ မိသားစု တော်ကျိုက်ကျေးရွာက အလှူငွေ (၁) သိန်းကျပ်၊ ဒေါ်ညွန့်ကြည်မိသားစု ဘုရားလမ်းက အလှူငွေ (၅) သောင်းကျပ်၊ ဒေါ်သိန်းချစ် မိသားစု ဗိုလ်ချုပ်လမ်းက အလှူငွေ (၁) သိန်းကျပ်တို့အား ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြု အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး‌ ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)