မြောင်းမြမြို့တွင် စာရေးဆရာမ ခင်စောတင့်၏ စွန်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

မြောင်းမြ  ဇူလိုင်  ၂၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာမ ခင်စောတင့်၏ စွန်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြရာ Book Club အဖွဲ့ နာယကများဖြစ်ကြသော ဦးခင်စိုး (မောင်ပညာ)၊  ဦးကျင်စိုး ( မောင်လှိုင်းသစ် - ချစ်စရာမြေ)၊ ဥက္ကဋ္ဌ ဦးညီညီ၊ အတွင်းရေးမှူး ဒေါ်အုန်းကြိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်ရဲအောင်၊ ဒေါ်တင်လဲ့လဲ့ဦး၊  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်တို့က စာအုပ်ပါ အကြောင်းအရာများကို ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီးနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက မိမိတို့ ထင်မြင်ယူဆချက်များကို ဝိုင်းဝန်းဆွေးနွေးကြကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာပေချစ်သူများစုပေါင်း၍ စာဖတ်ဝိုင်းများ လစဉ်ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)