ကလေး ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (Book Club)စာပေမြတ်နိုးသူများဖြင့် စာရေးဆရာ သတိုးနွယ် ရေးသားပြီး စိတ်ကြိုက်စာပေမှထုတ်ဝေသည့် အောင်မြင်ကြီးပွားကြောင်းနည်းလမ်းကောင်း ၁၀၀ စာအုပ်ပါခေါင်းစဉ်များဖြင့် ယနေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ဝိုင်းတက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ် ကျင်းပခြင်း၏ ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဦးဘချစ်က သတိုးနွယ်ရေးသားပြီး စိတ်ကြိုက်စာပေမှထုတ်ဝေသည့် အောင်မြင်ကြီးပွားကြောင်းနည်းလမ်းကောင်း၁၀၀ စာအုပ်တွင်ပါဝင်သော အကြောင်းအရာများမှ ရည်ရွယ်ချက်ပန်းတိုင်၊ အကောင်းဆုံးဖြစ်အောင်လုပ်ပါ၊ အခက်အခဲကိုရင်ဆိုင်ပါ စသည့်ခေါင်းစဉ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွား လာစေရန်အတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ (Book Club)စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ ဆက်)