ကျုံပျော် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့သော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျုံပျော်မြို့၊ အ.ထ.က(၁) အောင်ဆန်းခန်းမ၌ ဇူလိုင် ၂၂ ရက် နံနက် ၉ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျုံပျော်ခရိုင်မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ပထမဆုရရှိသည့် ကျောင်းသူ မထိုက်သူလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ကျောင်းသား၊ ကျောင်းသူလေးများက ပညာ့ဗိမာန်သီချင်း သီဆိုပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်အဆင့် ဝိဇ္ဇာဘာသာတွဲ ပထမဆုရှင် တစ်ဦး၊ တိုင်းအဆင့် ဆုရရှိသူ (၃)ဦး အပါအဝင် ဂုဏ်ထူးရရှိသူ (၂၃၇)ဦးနှင့် အောင်ချက်အကောင်းဆုံးကျောင်း (၃)ကျောင်းတို့ကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ ဆက်)