မအူပင်မြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားနှင့် သင်တန်း နည်းပြများကို (RDT) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

မအူပင်  အောက်တိုဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲ သင်တန်းသားများကို ကိုဗစ်−၁၉ ရောဂါပိုး ရှိ/ မရှိ ကိုဗစ်-၁၉ Antibody (RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား ယနေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အထူးရဲသင်တန်းနေရာ အသီးသီးတွင် ဆောင်ရွက် စစ်ဆေးခဲ့သည်။
မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရဲ သင်တန်းသား (၃၁၁) ဦးအား သင်တန်းပေးခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆောင်ရွက် နေပြီး အဆိုပါ အထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသား များအား ကိုဗစ်−၁၉ ရောဂါပိုး ရှိ/ မရှိကို ကိုဗစ်-၁၉ Antibody (RDT) Test Kit များဖြင့် စစ်ဆေးခြင်းအား သင်တန်းဖွင့်လှစ်သည့်နေရာ (၆) နေရာတွင် ဆောင်ရွက်ခဲ့ရာ အထူးရဲတပ် သားများအားလုံး ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။


အောင်ခိုင်၊အောင်မြင့်မြတ် (မအူပင်)