ကံမမြို့နယ်  ဇီးအိုင်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က  မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၁ရက်နေ့ နေ့လယ် ၁ နာရီက ကံမမြို့နယ် ကျွဲတလင်းကျေးရွာအုပ်စု ဇီးအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းနှင့် အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေး၊  တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့အား ပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့သက်ဆိုင်ရာ  ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံဖြိုရေးဆိုင်ရာဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများကို တင်ပြဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ကျော်ဇေယျဝင်း(ပြန်/ ဆက်)