တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါး ဆင်းသုခ RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ကွက် စံပြကွက် တောင်သူပညာပေး လက်တွေ့စိုက်ပျိုးနေမှုအားကြည့်ရှုအားပေး

တောင်တွင်းကြီး    ဇူလိုင် ၂၃

မိုးစပါး ဆင်းသုခ RS to CS မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း စံပြကွက် တောင်သူပညာပေး လက်တွေ့စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာ ကျေးရွာရှိ တောင်သူဦးသန့်ဇင်ဦး၏  ကွင်းအမှတ် ၁၉၉၉(က)ရှိ လယ်မြေသုံးဧက စိုက်ခင်း၌ကျင်းပရာ စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ဒေသခံတောင်သူများအ‌နေဖြင့် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်း၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အလွယ်တကူ ရရှိစိုက်ပျိုးနိုင်စေရေး၊ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး အတွက် တောင်သူများကိုယ်တိုင် စီးပွားဖြစ် မျိုးကောင်း မျိုးသန့်မျိုးစေ့များ ထုတ်လုပ်နိုင်ရန်၊ ဒေသတွင်း မျိုးစေ့များ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန် စိုက်ပျိုးပခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း နည်းပညာများ၊ ဓာတ်မြေသြဇာ အချိန်ကိုက် အချိုးညီသုံးစွဲခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ် နှိမ်နှင်းခြင်း နည်းပညာများ၊ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကိုသာ  ပြောင်းလဲစိုက်ပျိုးသင့်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်မျိုးအေးထံမှ  သိရသည်။

အောင်ကို(ပြန်/ ဆက်)