ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများလှူဒါန်း

ဇီးကုန်း အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် စေတနာအလှူရှင်များမှ လှူဒါန်းလျက်ရှိရာ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီနှင့် KBZ Bank Limited တို့မှ အလှူငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းကို ယနေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့် က ကိုဗစ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုအားလုံး တာဝန်ရှိ၍ ပါဝင်ကူညီ သင့်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်များကို စေတနာအလှူရှင်များမှ လှူဒါန်းမှုကို အထူးကျေးဇူးတင်ရှိ ကြောင်းနှင့် ဌာနဆိုင်ရာများ စုစည်းမှု၊ မိဘပြည်သူများ ပါဝင်မှု၊ မိမိတို့မြို့နယ်တွင် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် KBZ Bank Limited တို့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း(၅၀)နှင့် Face Mask အခု(၂၀၀၀၀)၊ Face Shield(၂၀၀)ခု၊ Hand Gel(၃၀၀)ဘူး၊ PPE ဝတ်စုံ(၅၀)၊ ခေါင်းစွပ်(၅၀၀)ခု၊ လက်အိပ်(၃၀၀၀)၊ မျက်မှန်(၃၀)ခု တို့အား KBZ BanK မန်နေဂျာ ဦးဝင်းအောင်မှ ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ‌ဒေါက်တာဇော်နိုင်ဦးက လက်ခံရယူ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)