ကန်ကြီးထောင့် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဇူလိုင်လ ၂၁ရက်နေ့ နံနက်တွင်စတင် ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယခုလ (၂၁)ရက်နေ့နံနက်ပိုင်း မှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း (၉၄၈)ဦး ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
“ကန်ကြီးထောင့်မြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း (၉၄၈)ဦးရှိပါတယ်။ပင်စင်လစာငွေများကို ဒီလမှာ တော့(၂၁)ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာဆက်လက်ထုတ်ပေးသွားမှာပါ။ ယနေ့ အထိ အငြိမ်းစာဝန်ထမ်း (၃၃၈)ဦး ကျော်လောက်ပင်စင် လစာထုတ်ပေးပြီး ပါပြီလို့ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးအောင်မြင့်ဌေးပြောကြားချက်အရ သိရသည်။
ကျော်ဇင် (ပြန်/ ဆက်)