မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်စိုက်ပျိုး ရေရရှိ‌ ရေးနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးချေးငွေပေးအပ်ပွဲကျင်းပ

အထက်မင်းလှ ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှင့် အသေးစား၊အလတ်စားစက်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၀ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

အခမ်းအနားတွင်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးကဏ္ဍအလိုက် ခွင့်ပြုချထားပေးသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှလုပ် ငန်းရှင်များအား ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ချေးငွေအထောက်အပံ့များ ထုတ်ပေးသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း ပေးဆပ်ရမည့်ကာလတွင် တာဝန်ကျေပွန်စွာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ ဦးစိုးဌေးက နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေချေးယူမည့်သူများကို စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းဆွေး နွေးပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲ ကျင်ပပြုလုပ်ခဲ့ရာ စိုက်ပျိုးရေရရှိ ရေးကဏ္ဍတွင်အဖွဲ့(၁၃)ဖွဲ့အတွက် ငွေကျပ်(၁၀၄.၂၅)သန်း၊ အသေးစား၊ အလတ်စားစက်မှုကဏ္ဍတွင်အဖွဲ့(၂)ဖွဲ့အတွက် (၆၀.၀၀)သန်း၊ စုစုပေါင်း(၁၆၄.၂၅)ကျပ်သန်းကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မည့်သူများထံပေးအပ်ခဲ့သည်။ အဆိုပါ စီမံကိန်းရန်ပုံ ငွေပေးအပ်ပွဲ့သို့ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ချေးငွေချေးယူမည့်သူများနှင့် ကျေးရွာများမှတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာဇာ(ပြန်/ ဆက်)