လိပ်သိုမြို့ အ.ထ.ကတွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ

လိပ်သို ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က သဇင်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာဆရာ/ဆရာမ (၂၂)ဉီးနှင့်ကျောင်းသား/ ကျောင်းသူ (၁၉၉)ဉီး ပေါင်း(၂၂၁)ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။

 အခမ်းအနား တွင်ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ကအဖွင့်အမှာစကားများ ပြောကြားပေးသည်။ ဆက်လက်၍ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းများအား ဖတ်ကြားကြေညာခြင်း၊ ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံး ကတိသစ္စာ ခံယူခြင်း၊ တာဝန်အထိမ်းအမှတ်အလံများပေးအပ်ခြင်း၊ လက်ခံရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားကို ရပ်နားခဲ့ကြောင်း သိရသည်။

စောဝေါ်ကွောထူး