ပေါင်းတည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
လှူဒါန်းရာတွင် ကွယ်လွန်သူ မြို့နယ်ပညာရေးမှူး ဒေါ်သီတာအောင်အား (ရည်စူး၍) ပေါင်းတည် မြို့နယ် ပညာရေးဌာန ဝန်ထမ်းများမှ ဒုတိယအကြိမ် အလှူငွေ (၁၅၆၇၅၀၀) ကျပ်အား ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျော်ဝင်းနှင့် လက်ထောက်ပညာရေးမှူး ဦးအောင်မြင့်တို့က ပေးအပ်လှူဒါန်းရာ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်တို့က မြို့နယ် ကိုဗစ်ကော်မတီကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး) ပေါင်းတည်