ကဝ အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်နှင်းသုန်နှင့် ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် သင့်အမည် မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေး ပြီးပြီလား လက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်း က ကဝမြို့ပေါ်ရှိ လမ်းဆုံများ နှင့် ပဲခူးလမ်း တို့တွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင်မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေငြာချက်အားလူကိုယ်တိုင် သွားရောက်မစစ်ဆေးနိုင်ပါက Online မှတစ်ဆင့် စစ်ဆေးနိုင်ကြောင်း၊ "သင်ကဆန္ဒမဲပေးပိုင်ခွင့်ရှိသူဖြစ်ပါသလား၊ မဲစာရင်းစစ်ဆေးပါ၊ သွားရောက်ဆန္ဒမဲပေးပါ၊ သတိရပါ ၊ အတူတကွ မဲပေးကြပါစို့ ၊ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား " နှင့် လတ်တလာဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ဘေးကင်း လုံခြုံရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော လမ်းညွှန်ချက် များအတိုင်း လိုက်နာရန်လိုအပ်ကြောင်း စသည့် အချက်များ ပါဝင်ကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)