ထန်ပါခွေ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အလှူရှင်များ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က ထန်ပါခွေမြို့အဝင် ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်၌ နှာခေါင်းစည်း (Mask)အခု (၂၀၀၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အလှူရှင်များမှ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ပြည်သူများ၏ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့အဝင်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများထံ အိမ်တိုင်ရာ ရောက်နှာခေါင်းစည်း (Mask) များ အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
နှာခေါင်းစည်း (Mask) များအား ထန်ပါခွေမြို့ပေါ်ရှိ ဌာနဆိုင်ရာများ၊ အဝေးရောက်ဌာနဆိုင်ရာများ၊ အခြားအလှူရှင်များ၏ စုပေါင်းလှူဒါန်း မှုဖြင့် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း၊ ထန်ပါခွေမြို့နယ် အတွင်းရှိ ကျေးရွာများသို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ထန်ပါခွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စံပယ်ဦးက ပြောသည်။
ဟန်ထွန်း (အင်းဝ)