ဖြူး ဇူလှိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ခုတင်(၁၀၀)ဆံ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက စတင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်ပေးနေမှုမှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာလာထုတ်ချိန်၌ လစဥ်ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာ ယခင်ကာလလူနာဟောင်း (၁၀)ဦး၊ ယနေ့တွင် (၅၈)ဦး ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပြီး အဓိကကျန်းမာရေးစောင့်ရှောက်ပေးရသည့် ရောဂါများမှာ ဆီးချို၊ သွေးတိုး၊ အဆုတ်ရောင်၊ အာရုံကြောအားနည်း၊ မျက်စိအားနည်းရောဂါများဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)