ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းဖွင့်လှစ်

ပုသိမ် ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကြည်အောင်က အမှာစကား ပြောကြားခဲ့သည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်ဟန်

ပုသိမ်ခရိုင်(ပြန်/ဆက်)