ပုသိမ် ဇူလိုင် ၂၁
ဧရာ၀တီတိုင်းဒေသကြီးအတွင်း ပြည်တွင်းပြည်ပစျေးကွက် ဝယ်လိုအားရှိသောငါးရှဉ့်များကို ပြည်ပသို့ နှစ်ပတ်လည်တင်ပို့ရောင်းချမှုရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလို မိုးတွင်းကာလတွင် ငါးရှဉ့်များစျေးကွက်သို့ ပိုမိုဝင်ရောက်လျက်ရှိကြောင်းသိရသည်။
ငါးရှဉ့်မျိုးများကိုထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ (၅)စင်တီမီတာ လုံးပတ်အထက်သာ ဖမ်းဆီးတင်ပို့ရောင်းချခွင့်ပြုပြီး ဇွန်လမှနိုဝင်ဘာလအထိ စျေးကွက်မှာတင်ပို့မှုများ၍ ဒီဇင်ဘာလနောက်ပိုင်း ငါးရှဉ့်အဝင်နည်းသွားကြောင်း ပုသိမ်စျေးကွက်မှပြည်ပတင်ပို့သော ငါးရှဉ့်များမှာ ပါးနီ၊ ပါးမွား (၂)မျိုးသာစျေးကွက် သို့တင်ပို့လျက်ရှိပြီး ငါးရှဉ့်တွင် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်ကြွယ်ဝလျက် အာရုံကြောကောင်းမွန်၍ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နှင့် သံဓာတ်များလည်းပါဝင်ကြောင်း၊ သံဓာတ်လုံလောက်မှုမရှိရင် ခန္ဓာကိုယ်ထဲတွင် သွေးနီဥနည်းပါး၍ ခေါင်းမူး၊ ခေါင်းကိုက်၊ အားနည်းတာတွေဖြစ်နိုင်ကြောင်း ၎င်းအပြင်နွားနို့၊ ဒိန်ချဉ်ကဲ့သို့ အရိုးကိုသန်မာစေသော ဓာတ်များပါဝင်ပြီး သွေးအားကောင်း၍ စားသုံးသူများမှ ဟိုတယ်စာအဖြစ် စားသုံးလျက်ရှိကြောင်း စျေးကွက်မှသိရသည်။
ပုသိမ်မြို့ပေါ်အ၀ယ်ဒိုင်သို့ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်များရှိ ကျေးရွာများမှ အဓိကလာရောက်ရောင်းချလျက်ရှိဝြီး အကောင်အကြီး၊အသေးပေါ်မူတည်၍ (၁)ပိဿာလျှင် ကျပ် ၅၀၀ဝိ/- မှ ကျပ် ၈၀၀ဝိ/- အထိ စျေးများဖြင့်၀ယ်ယူလျက် ၀ယ်ယူထားသော ငါးရှဉ်များကို ရေနှစ်ထပ်၊ သုံးထပ်လဲလှယ်ထားရပြီး ငါးရှဉ်အသေးများကိုဖယ်ကာ ဖော့ပုံး၊ ပလပ်စတစ်ပုံးများတွင် ထည့်သွင်း၍ ရန်ကုန်မြို့ရှိစံပြစျေး၊ လှိုင်သာယာစျေးနှင့် အင်းစိန်မြို့နယ်ကြို့ကုန်း ငါးရှဉ်အဝယ်ဒိုင်ကြီးများသို့ တင်ပို့လျက် ရန်ကုန်မှတဆင့် မူဆယ်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ပုသိမ်မြို့ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှ သိရသည်။
မြင့်ဟန်
ပုသိမ်ခရိုင်(ပြန်/ဆက်)