မအူပင် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများမိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးအကြောင်းအား ကြိုတင်ကာကွယ် နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် Talk Show အစီအစဉ်ဖြင့် ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးဦးဆောင်သည့် ဝန်ထမ်းများက မိုးရာသီကာလတွင် ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုတ်ကွေးမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် သိကောင်းစရာများ ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
မအူပင်ခရိုင်(ပြန်/ဆက်)