လေရှီး အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရေးပေါ် တုန့်ပြန်ရေး ကော်မတီတို့က အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများနှင့်စပ်လျဉ်း၍ လေရှီးမြို့တွင် ထမံသီ - လေရှီးလမ်း ၌ မြို့အဝင်ဂိတ်တစ်ခု၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးနာန ရုံးရှေ့လမ်းဆုံ၌ ဂိတ်တစ်ခု၊ လေရှီး-ဆွမ္မရာ ၊လေရှီး-ချယ်ရာ နယ်စပ်လမ်းဆုံတို့၌ ဂိတ်တစ်ခု စုစုပေါင်း ဂိတ် (၃)ခု ဖွင့်လစ်ထားရှိပြီး ၎င်းဂိတ်များတွင် ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူများကို ခရီးသွားရာဇဝင်များစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ပဲ သွားလာနေသူများအား Mask တစ်ခုလျင်(၁၀၀၀)ကျပ်ဖြင့် ချက်ချင်းဝယ်တပ်ဆင်စေခြင်၊ အပူချိန် တိုင်းခြင်း၊ ဆပ်ပြာနှင့်လက်ဆေးစေခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ပြီး အဆိုပါဂိတ်များတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်းထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာရေးနှင့်ဌာနဆိုင်ရာများက အရှိန်အဟုန်မပျက် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်းသိရှိရပါသည်။
ဆိုင်းသား(လေရှီး)