သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်း (၁၀၃၈) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေး

သာပေါင်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့ ယနေ့ နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။

သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား (၂၈၆)ဦး၊ နိုင်ငံရေးပင်စင်စား(၁၄၂)ဦး၊ မြို့ပြ ပင်စင်စား (၆၀၂)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ(၁၀၃၈)ဦးရှိရာ ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် မြို့ပြပင်စင်(၂၂၇)ဦး၊ ကာကွယ်‌ရေးပင်စင်(၁၀၀)ဦး၊ နိုင်ငံရေးပင်စင်(၄၈)ဦး၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းပင်စင်(၄)ဦး ပေါင်းပင်စင်စား(၃၇၉)ဦး ထုတ်ပေးလျက်ရှိခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်း စားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက် ၈ နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး ကျန်ရှိသူများကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်၊ မြို့နယ်မန်နေဂျာဒေါ်အေးအေးမွန်ထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်