ရွှေသောင်ယံ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ) စာသင်ကျောင်းတွင် ယနေ့ မွန်းလွဲ(၁)နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မိဘဆရာ အသင်း နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့သည်။
အမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်း၏ အားသာချက်၊ အားနည်းချက် များကို ပြောကြားပြီး လိုအပ်ချက်များကို ကျောင်းဆရာ၊ ဆရာမများ ကော်မတီနှင့် ကျောင်းသား မိဘများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုကာလသည် သွေးလွန်တုပ်ကွေး ရာသီဖြစ်သည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ မိဘဆရာဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မိဘဆရာအသင်း ပြန်လည်ရွေးချယ်ပွဲကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းကော် မတီများ၊ ကျောင်းသား မိဘများမှ လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ မိဘဆရာအသင်း နှစ်ပတ်လည်အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် အတူ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)