ခန္တီးမြို့တွင် “ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး” လက်ကမ်းစာစောင် ဖြန့်ဝေ

ခန္တီး ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့ဇူလိုင်လ(၂၁)ရက်နေ့ မွန်းတည့်(၁၂)နာရီ အချိန်က ပြည်သူများ အသိပညာတိုးပွားလာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးကော်မတီမှ ထုတ်ဝေသည့် “ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး” လက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့၌ စာဌား/စာဖတ်လာသော ကျောင်းသား/ သူလေးများ လက်ဝယ်အရောက် အစောင်ရေ(၁၀၀) ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား အဓိပ္ပါယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးအလုပ်သမား၏ အသက်အရွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့် သတ်ချက် ခေါင်းစဉ်ဖြင့်လည်းကောင်း ပြည်သူများလွယ်လင့်တကူ နားလည်နိုင်စေရန်နှင့် မိမိတို့ဒေသအတွင်းတွင် ကလေးအလုပ်သမားများ လျော့နည်း ပပျောက်လာစေရန်အတွက် ရည်ရွယ်ဖြန့်ဝေ ပေးရခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)