လဟယ်မြို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း ကြေညာထားရှိမှုကို မဲစာရင်းမှန်ကန်ရေး ကွင်း ဆင်းစစ်ဆေး

လဟယ်     အောက်တိုဘာ     ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်တွင် မဲဆန္ဒရှင်အမည်စာရင်းများ ထုတ်ပြန်ကြေငြာ ထားရှိမှုအခြေအနေကို မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးပါခင်၊ လဟယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးလတ်ဆက်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ လိုက်ပါ၍ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်‌(၄)ရပ်ကွက်သို့ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

လဟယ်မြို့‌တွင် ရပ်ကွက်(၄)ရပ်ကွက်ရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် ပါဝင်သော မြို့မရပ်ကွက်တွင် မဲဆန္ဒရှင်ဦးရေ (၆၄၁) ဦး တိုးချဲ့-၂ ရပ်ကွက်တွင် မဲဆန္ဒရှင်ဦးရေ (၆၆၅)ဦးနှင့် မဲဆန္ဒနယ်အမှတ်-၂ တွင်ပါ ဝင်သော တိုးချဲ့-၁ရပ်ကွက်တွင် မဲဆန္ဒရှင်(၄၄၂)ဦးနှင့် တာလံရပ်ကွက်တွင် မဲဆန္ဒရှင်(၉၁၃)ဦး ဖြစ်ကြောင်း သိပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်အမည်စာရင်းမှန်ကန်ရေးနှင့် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒအမည်စာရင်း ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းနှင့် ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

လဟယ်မြို့နယ် တစ်မြို့နယ်လုံးအနေဖြင့် ဒုတိယအကြိမ် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား(၁၆၆၆၅)ဦးနှင့် မ(၁၆၅၀၁)ဦး စုစုပေါင်း(၃၃၁၆၆)ဦးဖြစ်ပြီး မဲရုံပေါင်း(၁၀၅)ရုံဖြစ်ကြောင်း သိရသည်။

လဟယ်(ပြန်/ဆက်)