ပန်းတောင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ပန်းတောင်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ရပ်ကွက်နှင့် အုပ်စု (၁၈)အုပ်စုရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဘိုးဘွားများ ကိုယ်စားသက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်  တာဝန်ရှိသူများထံ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပန်းတောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၈)ရပ်ကွက်နှင့် အုပ်စု (၁၈)အုပ်စုရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၁၁၇၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းရုံးဦးစီးဌာနမှ ဦးစီးမှူးဒေါ်လွင်လွင်ခိုင်တို့မှ ဘိုးဘွားများကိုယ်စားသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၁၁၇၂) ဦးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဉီးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၃၅၁၆၀၀၀၀)အား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)