ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

လက်ပံတန်း ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၉ နာရီက လက်ပံတန်းမြို့ ကန်တစ်ရာငါးမွေးမြူရေးစခန်းသို့ ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆင့်ဌာဆိုင်ရာများနှင့် တွေ့ဆုံရာ မြို့နယ်သမဝါယမဦးစီးဌာန ကန်တစ်ရာငါးမွေးမြူရေးအသင်းဥက္ကဋ္ဌ ဦးစမ်းကြိုင်နှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများက ကန်တစ်ရာငါးမွေးကန် ၃၆၂.၆၈ ဧကတွင် ငါးမြစ်ချင်း ငါးမျိုးများ မွေးမြူဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဝန်ကြီးချုပ်က ငါးမွေးမြူရေးကန်များကို ကြည့်ရှုစစ်ဆေးပြီး မြက်စားငါးမျိုးစိတ်များမွေးမြူရေး၊ အသားစားကြက်မွေးမြူရေးနှင့် ကန်ဘောင်များတွင် တစ်သျှူးငှက်ပျောမျိုးစိုက်ပျိုးခြင်းလုပ်ငန်းများ ထိထိရောက်ရောက် တိုးချဲ့လုပ်ဆောင်ကြရန် ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)