ပြည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက် နံရံကပ် ပြဘုတ်တွင် မဲပေးခြင်းဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့က အသိပညာပေးပိုစတာနှင့် ရုပ်ပုံများ ပြသ ဆောင်ရွက်ထားရှိကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်ပြည်သူများအား သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါစစ်ဆေးပြီးပြီလား၊ အတူတကွမဲပေးကြပါစို့၊ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ စသည့်အကြောင်းအရာပါ အသိပညာပေးပိုစတာများနှင့် မီဒီယာနှင့် သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ် ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ ၊ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ ကလေးများနှင့် သတင်းအတူကြည့်ပါ စသည့် အကြောင်းအရာတို့ ပါဝင်သော ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေး ရုပ်ပုံများကို ပြသထားကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)