ကဝ အောက်တိုဘာ ၁၃
ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် နှာခေါင်းစည်း(Mask)များ အား ယနေ့ နံနက်ပိုင်းက ကဝမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့မှ ပူးပေါင်းဖြန့်ဝေ ပေးခဲ့ပြီး မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင်ထွက် ပါက မဖြစ်မနေနှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)