ကလိန်အောင် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄-ပညာ သင်နှစ်အတွက် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကိုယနေ့နံနက်(၁၀)နာရီက ဒီမိုကရေစီနည်းလမ်းကျရွေးချယ်တင်မြောက်ခြင်း ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် အနော်ရထာ၊ ကျန်းစစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလအသင်းစသည့် (၅)သင်းတို့မှ တာဝန်ခံဆရာမတို့၏ဦးဆောင်မှုဖြင့် အသင်းလိုက်အလံနှင့် အသင်းအမည်ပါစာတန်းကိုကိုင်ဆောင်၍ သတ်မှတ်နေရာများတို့၌ စနစ်တကျစီတန်းကာနေရာ ယူကြသည်။
ပြီးနောက် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းကောင်စီဥက္ကဋ္ဌဆရာမကြီး ဒေါ်ရီရီဝင်းနှင့်အတူအသင်းခေါင်းဆောင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက "ကျောင်းကောင်းစီ" သီချင်းကို သံပြိုင်သီဆိုကြပြီး ဆရာမကြီး ဒေါ်ရီရီဝင်းက ကျောင်းကောင်စီဖွဲ့စည်းရခြင်းရည်ရွယ်ချက်(၄)ချက်နှင့် ကျောင်းကောင်စီအသင်း၏ အများအကျိုးဆောင် ကိုယ်ကျိုးအောင်ဆောင်ပုဒ်များအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းကောင်းစီဥက္ကဌ ဆရာမကြီးနှင့်အတူ ဆရာ၊ ဆရာမများ၊ အသင်းခေါင်းဆောင်များနှင့် တစ်ကျောင်းလုံးရှိ ကျောင်းသား၊ ကျောင်းသူများက ကျောင်းကောင်းစီအဖွဲ့ ကတိသစ္စာကိုခံယူကြပြီး ဆရာမကြီး ဒေါ်ရီရီဝင်းက အသင်းခေါင်းဆောင်ဆရာမများ၊ကျောင်းသား၊ ကျောင်းသူ အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူးတို့အား တာဝန်ပေး အထိမ်းအမှတ်အလံနှင့် လက်ပတ် တို့ကို ပေးအပ်ကြသည်။
ယင်းနောက် ကျောင်းကောင်စီဥက္ကဋ္ဌ ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများတို့အား အလေးပြု၍ နိုင်ငံတော်သီချင်းကို စုပေါင်းသီဆို ကြပြီး စုပေါင်း၍ မှတ်တမ်းတင် အမှတ်တရဓါတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)