ဧရာဝတီတိုင်းအဝင်ဂိတ်(၅ ခုတွင် ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် (၁၁၆၄) ဦး စစ်ဆေး၊ ကိုဗစ်-၁၉ ရောဂါပိုး (၂၃) ဦး တွေ့ရှိ

ပုသိမ်  အောက်တိုဘာလ  ၁၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် လတ်တလောကာလတွင် ကုန်တင်ယာဉ်များ သွားလာမှု နှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်း မအူပင်-ခတ္တယဂိတ်၊ ဒေးဒရဲ-တံတားဂိတ်၊ ကြံခင်း- အုတ်ပုံဂိတ်၊ ညောင်တုန်း- မဲဇလီဂိတ်၊ ရေကြည်-ရေနံသာဂီတ်နှင့် ပုသိမ် -ကျောက်ချွန်ဂိတ် အဝင်ဂိတ် () ဂိတ်အား (၁၀၂၀၂၀)နေ့မှ စတင်၍ RDT ကိုဗစ်-၁၉ Ag Test ဖြင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ဆေးခဲ့သည်။

စတင်စစ်ဆေးချိန်မှာ အောက်တိုဘာလ ၁၂ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး အဝင်ဂိတ် ()ခုတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၆၄) ဦးအား စစ်ဆေးခဲ့ရာ (၂၃) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်ကပိုးတွေ့လူနာများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံများတွင် ကုသပေးလျက် ရှိကြောင်း RDT ကိုဗစ်-၁၉ Ag Test ဖြင့် စစ်ဆေးခအဖြစ် တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း ကောက်ယူခဲ့ရာမှ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍  တစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် လျော့၍ ကောက်ခံစစ်ဆေး သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ကိုတွတ် (ပြန်ဆက်)