ကြာအင်းဆိပ်ကြီး ဇူလိုင် ၂၁
မူလတန်းအဆင့် စာဖတ်စွမ်းရည်နှင့် စကားပုံဆက်ပြိုင်ပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Center ) ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများမှ ပလုတ်တုတ်ကလေးဂျာနယ်မှ ကဗျာ ဆရာ မောင်သဲခေါင် ရေးသားသည့် (တန်ဖိုးရှိတဲ့တို့လူငယ်)ကဗျာ ပုံပြင်ဝတ္ထု မင်းယုဝေ သရုပ်ဖော်ပြီး ကာတွန်းဇော်ဝိတ်၏ မျောက်ဘုရင် ကာတွန်း၊ ကာတွန်း စမ်းချောင်း ကိုကိုအောင်၏ တုံတုံနဲ့ဆုံဆုံ (ဆုံဆို့)ပုံပြင် စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအား တစ်ဦးချင်းစီအလိုက်အကောင်းဆုံးယှဉ်ပြိုင် ဖတ်ကြားသည်။
ထို့နောက်ဆက်လက်၍ မြန်မာစကားပုံအကြောင်းအရာများအား စကားပုံဆက်ပြိုင်ပွဲကို ကျင်းပရာ ကျောင်းသား၊ကျောင်းသူလေးများမှ မိမိတို့၏ ကိုယ်ပိုင်ဉာဏ်စွမ်း သိရှိသည်များဖြင့် ပျော်ရွင်စွာယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး