ရွှေတောင်မြို့၊ အ.ထ.က(သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က(သရက်တော)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးက ကျောင်းသား ၊ကျောင်းသူလေးများအား မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေးအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး ရွှေတောင်မြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးဇာနည်ထက်ကယူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတက်သော ဥပဒေ ၊နည်းဥပဒေများကို ရှင်းလင်း ဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၁၃၅) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက် ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)