ဟုမ္မလင်း၊ ဇူလိုင် - ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် (၂၁) နံနက် (၉)နာရီမှ (၁၂) နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံး ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ အရိုးအထူးကုဆရာဝန် ဒေါက်တာ မင်းဇော်အောင်၊ ဒေါက်တာနန်းဝင်းအောင်နှင့် ဆရာ/ဆရာမများက သက်ကြီးရွယ်အိုးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုး၊ ရောဂါအခံရှိသူသက်ကြီးဘိုးဘွားစုစုပေါင်း (၁၀၄) ဦးအားအခမဲ့ စောက်ရှောက်ကုပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုအစီစဉ်တွင် ကျန်းမာရေး စစ်ဆေးမှုမခံယူမီသက်ကြီးဘိုးဘွားများအား ကိုယ်ကာယကျန်းမာကြံခိုင်စေရေးအတွက် ကိုယ်ကာယလေ့ကျင့်ခန်းကို ဉီးတင်မောင်ဝင်း(HA1)က ဉီးဆောင်လေ့ကျင့် ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအနေဖြင့် ကြက်သားဆန်ပြုတ်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)