ရွှေဘိုမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်​ရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

​ရွှေဘို ဇူလိုင် ၂၁

​ရွှေဘိုခရိုင် ပြန်ကြားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် (၁၀:၀၀) နာရီက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူးကိုယ်စား လက်​ထောက်ညွှန်ကြား​ရေးမှူး ဦး​အောင်​ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လက်​ထောက်ညွှန်ကြား​ရေးမှူးဒေါ်အေးမြမွန်က လူငယ်တွေအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝစွာရရှိစေရန်နှင့်ရရှိပြီးသား အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်များ၏ရှေ့၌ ထွက်ပြီးပြောရဲဆိုရဲ ​ပြောတတ်ဆိုတတ်သည့် စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးမှုများရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်းနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်၊လူရွယ်များပေါ်ထွက်လာစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့်လူငယ်စကားဝိုင်းများ ကျင်းပ​ပေးရခြင်းဖြစ်​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦး​ဆောင်​ဆွေး​နွေးသူ အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်‌အေးမြင့်စန်းက ဆောင်ရွက်ခဲ့ပြီး Grade-11မှ မောင်​ကောင်းထွဋ်​ဇော်က "လူငယ်နှင့်ယဥ်​ကျေးမှု"Grade-10မှ မမြင့်မြတ်သဇင်က "လူငယ်နှင့်စာ​ပေ "Grade-11မှ​မောင်ဥသာဦးက "လူငယ်နှင့်စာရိတ္တ" Grade-12မှမအိမ့်ချစ်က "လူငယ်နှင့်မူးယစ်​ဆေး" Grade-11 မှ​ မောင်ပိုင်​ဇေထွန်းက "လူငယ်နှင့်စာဖတ်ခြင်း" စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြ ပြီး တာဝန်ရှိသူများက လည်းဖြည့်စွက်ဖြေကြား​ပေးခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ​ကျောင်းသား​ကျောင်းသူ (၁၇၀) ဦးတက်​ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်​)