ဇီးကုန်း ဇူလိုင် ၂၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(မြို့မ)ကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း အစည်းအဝေးခမ်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြု၍ အခမ်းအနားအား Grade-8 ကျောင်းသား ကျောင်းသူလေးများက "ပညာပန်းခင်း" သီချင်းဖြင့်သီဆို ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်း၏ပညာရေး တိုးတက်မှုအခြေအနေများအား ရှင်းလင်းပြောကြား၍ အထက်တန်းပြဆရာ ဦးတင်ထွန်းအောင်က ကျောင်း၏ရှေ့လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့သည်။ ထို့နောက် မိဘဆရာအသင်း အမှုဆောင်အဖွဲ့သစ်အား တက်လာသူများ၏ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြောက်ခဲ့ပြီး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လှူဒါန်းခဲ့သော အလှူရှင်များအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးဘုန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဝင်းတို့က ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ ဆက်)