ကံမ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြို့တိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျောက်ပြုတ်-အင်ကြီးကုန်း-ဆန်တုံ ကျေးရွာခြင်း ဆက်လမ်း မြေသားတာဘောင် တိုးချဲ့ခြင်းနှင့် မြေနီကျောက်စရစ်ခင်းကြိတ်ခြင်း လုပ်ငန်းအား ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
ထိုသို့ ဆောင်ရွက်ပြီးစီးခဲ့သော ကျောက်ပြုတ်-အင်ကြီးကုန်း-ဆန်တုံလမ်းမှာ ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၈.၀၈၉)သန်းဖြင့် လမ်းအရှည် (၁)မိုင်၊ အကျယ် (၁၈)ပေနှင့် ထု(၈) လက်မဖြင့် မြေနီကျောက်စရစ်ခင်းကြိတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါလမ်းမှာ ကျေးရွာခြင်း ဆက်လမ်းဖြစ်သောကြောင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးရွာအုပ်စု(၃)အုပ်စုမှ ကျေးရွာ(၆)ရွာ အိမ်ခြေ(၆၆၄)အိမ် လူဦးရေ(၂၄၃၂)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး များ ဖွံ့ဖြိုးတိုးတက်၍ ဒေသခံပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)